မူဆယ် ဧပြီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ပန်ခင်းစီမံချက်(၃)အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၁၁)နာရီကပြုလုပ်သည်။
မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ စက်မှုနယ်မြေရှိ မေတ္တာတော်စံအိမ် ၊ မိဘမဲ့နှင့် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာမှ ကလေးများအား မူဆယ်မြို့နယ်ဦးစီးမှူး ဦးစန်းလွင်ဦးဆောင်၍ ပန်းခင်းစီမံချက်(၃)အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား မူဆယ်ခရိုင်၊ စီမံအုပ်ချုပ်ရေး ဉက္ကဋ္ဌ ဦးအောင်ဇော်မိုး၊ အဖွဲ့ဝင် ဦးကိန်မိုင်နှင့် မူဆယ်ခရိုင် ဦးစီးမှူး ဦးကျော်ကျော်နိုင် တို့က ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ မေတ္တာတော်စံအိမ် ဂေဟာမှ မိဘမဲ့ကလေးများကို ၆(က)(၅)ဦးနှင့် ၃(က)(၆၀)ဦး၊ စုစုပေါင်း(၆၅)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရှိရပါသည်။ ချယ်ရီမြေ(ပြန်/ဆက်)