သရက် ဧပြီ ၆
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၌ ကျေးလတ်နေပြည်သူများနှင့် တိုင်းရင်းသာပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းကို နည်းပြဆရာ/ဆရာမ(၂၄)ဦး အဆင့်မြင့်ကျောင်းသား(၂)ဦး ကြီးကြပ်သူ(၄)ဦး စုစုပေါင်း(၃၀)တို့က ယနေ့နံက်ပိုင်းမှ စတင်၍ ကျေးရွာ(၂၄)ရွာတွင် အခြေခံ စာတတ်မြောက်ရေး စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြာပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကိုသရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၂၄)ရွာမှ စာမတတ်သူ(၃၆၂)ဦးအား စာသင်းဝိုင်း(၂၄)ဝိုင်းကို နည်းပြ(၃၀)ဦးဖြင့် ဧပြီလ(၆)ရက်နေ့မှ မေလ(၂၄)ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇော်ထက်(သရက်)