Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းယုမြို့၌ နွေရာသီသင်္ကြန်ကာလ နမ့်လွေချောင်းသောင်ပြင်နေရာ၌ လာရောက်လည်ပတ် ရေကစားအပန်းဖြေသူများဖြင့် နေ့စဉ်စည်ကား
Apr 08,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ပူပြင်းခြောက်သွေ့သည့် နွေရာသီသင်္ကြန်ကာလတွင် အပူဒဏ်ကို သက်သာစေရန်အတွက် နမ့်လွေချောင်းသောင်ပြင်နေရာတွင် လာရောက်လည်ပတ် ရေကစားအပန်းဖြေသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ရှေးဦးပြုစုနည်းအခြေခံသင်တန်းဆင်းခြင်းနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Apr 08,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုနည်း အခြေခံသင်တန်း(၃/၂၀၂၃) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်အသင်း (ရန်ကုန်) ၏ နှစ်ပတ်လည်အစည်းအဝေး၊ သက်ကြီးပူဇော်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲကျင်းပ
Apr 08,2024
မော်လမြိုင်အသင်း (ရန်ကုန်)၏ (၁၀၆) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၊ သက်ကြီးပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အနောက်ဖက်မုဒ်ရှိ မော်လမြိုင်ဓမ္မာရုံ၌ ကျင်းပရာ အသင်းဥက္ကဋ္ဌ ကပ္ပတိန်ဆန်းဦးနှင့် အသင်းသား၊ အသင်းသူများ၊ ကန်တော့ခံအဖိုးအဖွားများ၊ ပညာရည်ချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် ပညာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများအား ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဝတ်စုံများ အခမဲ့ထုတ်ပေး
Apr 08,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ပညာသင်ကြားနိုင်စေရန် ကျောင်းသုံးပုံနှိပ်စာအုပ် ဗလာစာအုပ်ဝတ်စုံများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးခန်းမနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ် သဲကောကျေးရွာအုပ်စု၌ သက်ကြီးပူဇော်ပွဲ ကျင်းပ
Apr 08,2024
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သဲကောကျေးရွာအုပ်စုတွင် သက်ကြီးစောင့်ရှောက်ရေးအဖွဲ့မှကြီးမှူး၍ အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား ယနေ့နံနက်(၉)နာရီအချိန်တွင် သဲကောကျေးရွာအုပ်စု သီလှကုန်းကျေးရွာဓမ္မာရုံ၌ သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့၊ သုတစံအိမ်သင်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပ
Apr 08,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ သုတစံအိမ်သင်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီ(၁)ဧက ပိဿာချိန်(၃)ကျော်ထွက်ရှိပြီး ပိဿာငွေ(၁၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်
Apr 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်သွန်နီ(၁)ဧက ပိဿာချိန်(၃)ထောင်ကျော်ထွက်ရှိပြီး တစ်ပိဿာငွေ(၁၈၀၀)ကျပ်ဖြင့် အရောင်အဝယ်ဖြစ်ကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ် ဗိဿနိုးပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားတွင် ကျင်းပသည့် ရှင်အပါး(၅၀၀၀) ရှင်ပြုအ…
Apr 08,2024
သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတဦးစီးပဓာနပြု၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပည့်သာဝကအပေါင်းတို့ စုပေါင်း၍ ကျင်းပပြုလုပ်သော ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော် ရေစက်သွန်းချမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တောင်တွင်းကြီးမြို့နယ် ဗိဿနိုးပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီး ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9215
Page
9216
Page
9217
Page
9218
Current page
9219
Page
9220
Page
9221
Page
9222
Page
9223
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department