အောင်လံ ဧပြီ ၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄ ခုနှစ် အခြေခံစာတက်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတက်မြောက်ရေးအကောင်ထည်ဖော်ဆောင်ရွက်ရေး အောင်လံခရိုင်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ခရိုင်အုပ်ချုပ်ရေးမှူး)ကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အုန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတက်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး အောင်လံခရိုင်ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ (ခရိုင်ပညာရေးမှူး) ဦးဌေးလွင်က ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနမှ ပေးအပ်သည့် သင်ထောက်ကူစာအုပ်၊ စာရေးကိရိယာပစ္စည်းများကို စာသင်သားသင်ယူသူများထံသို့ ပေးအပ်ခဲ့ပြီး သင်တန်းသား (၈၄)ဦး၊ နည်းပြ (၂)ဦး၊ ကြီးကြပ်(၂)ဦးတို့အပါအဝင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဧပြီလ ၆ ရက်နေ့မှစတင်၍ အောင်လံခရိုင်အခြေခံစာတက်မြောက်ရေးလုပ်ငန်းကို အောင်လံမြို့နယ်ရှိ တိုက်နယ် ၇ ခု၊ နေရာ ၂၈ နေရာတို့တွင် နည်းပြ (၃၈)ဦး၊ ကြီးကြပ်သူ (၆)ဦး၊ စာသင်သား/သင်ယူသူ (၅၁၂)ဦးတို့ဖြင့် တစ်ရက်လျှင် ပျမ်းမျှ ၃ နာရီနှုန်းဖြင့် ရက်ပေါင်း ၄၀ ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)