အမြို့မြို့အနယ်နယ်သတင်းများ

Apr 08,2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နိုင်ငံသားတစ်ဦးချင်းစီ၏ (Biometric Data) ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ် (၅) အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Apr 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ချည်မျှင်ရှည်ဝါသီးနှံများကို မိုး၊ မိုးကြို၊ မိုးနှောင်းကာလများတွင် တိုးချဲ့စိုက်ပျိုးလျက်ရှိရာ မိုးကြိုရာသီး၌ ဆည်ရေသောက်စနစ်အပြင် မြေအောက်(စက်ရေတွင်း)များဖြင့်(၈၅)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Apr 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၂၅)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဆိုပူဇော်ပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာ တင်ပူဇော်ပွဲကို ဧပြီလ(၆)ရက်နေ့မှ (၈)ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၆ ရက်နေ့နံနက် (၈)နာရီအချိန်က မြို့ဦး သံသရာအေးစေတီတော်၊ မြန်မာအေးဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Apr 08,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်းမှ ကြီးမှူးကျင်းပသော (၁၃)ကြိမ်မြောက် နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါအသင်းရုံး ခန်းမဆောင်၌ ကျင်းပခဲ့သည်။
Apr 08,2024
ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ဘားအံ-မော်လမြိုင်သာသနာနယ်၊ ပြည်ထောင်စုသာယာကုန်းနှစ်ခြင်းအသင်းတော်၏ ဗိမ္မာန်တော်အသစ်ဖွင့်လှစ်ခြင်းနှင့် ဆက်ကပ်ဝတ်ပြုခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သာယာကုန်း(၁) လမ်းရှိ အဆိုပါအသင်းတော်ဗိမ္မာန်တော်အသစ်ရှေ့၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင် တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
Apr 08,2024
၂၀၂၄ ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဦးဆောင်ကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အစိုးရပါဠိပထမပြန် စာမေးပွဲကို ဧပြီ ၆ ရက် နေ့လယ် ၁၂နာရီက ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့် အောင်ဆန်းခန်းမစာစစ်ဌာနတွင် ဖြေဆိုတော်မူလျက်ရှိရာ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များနှင့်ကြီးကြပ်ဆရာတော်များအား မြဝတီရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စေတနာရှင်ပြည်သူများစုပေါင်း၍ နေ့ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။
Apr 07,2024
ဧရာဝတီတိုင်းဒေသကြီး ၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာလေးတို့အား စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေက မြန်အောင်မြို့ မုံရွာပရိယတ္တိစာသင်တိုက် သာသနာ့ဗိမာန်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။