ကျောက်ဆည်ခရိုင်တွင် သင်္ကြန်ကာလ ပြည်သူများ စားအုန်းဆီအခက်အခဲမရှိစေရေး ဈေးနှုန်းချိုသာစွာဖြင့် စားအုန်ဆီများ ရောင်းချပေးလျက်ရှိ

ကျောက်ဆည် ဧပြီ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်ခရိုင်အတွင်းနေထိုင်ကြသော ပြည်သူများ သင်္ကြန်ကာလပြည်သူများ စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီ တင်သွင်းဖြန့်ဖြူးလျက်ရှိသော ကုမ္ပဏီများနှင့်ဆက်သွယ်၍ စားအုန်းဆီများဝယ်ယူ၍ စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါရောင်းချသည့် စားအုန်းဆီများကို Grand AT Myanmar Co,Ltd ကုမ္ပဏီမှ တစ်ပိဿာ ငွေ(၅၂၅၀)ကျပ်ဖြင့် ဝယ်ယူ၍ ကျောက်ဆည်မြို့နယ်၌ ဂျူးဂျူး၊ မီဇာန်၊ ဝင်းရတနာ၊ နဒီဧရာ၊ အာကာကျော်၊ အမေထွားဆီအရောင်းဆိုင်များမှ ကုန်းသာ၊ တံတားဦး၊ ပေါက်ပင်ကွေ့၊ ထနောင်ပင်လှ၊ ဆူလေကုန်းကျေးရွာများသို့လည်းကောင်း၊ စဉ့်ကိုင်မြို့နယ်၌ ဒေါ်လာဆီအရောင်းဆိုင်မှ လက်ဝဲကျေးရွာသို့လည်းကောင်း၊ ပုလိပ်မြို့နယ်ခွဲ၌ အောင်စိုးမိုးဦး၊ ကျော်ကျော်မင်း၊ စစ်မှန်ဆီအရောင်းဆိုင်မှ ပုလိပ်ဈေးကွက်သစ် ပြည်သူများနှင့် တပ်ကြီးကျေးရွာသို့လည်းကောင်း၊ မြစ်သားမြို့နယ်၌ လှ၊ ငွေကလပ်၊ ရတနာဌေးဆီအရောင်းဆိုင်များမှ မြစ်သားမြို့နှင့် ကူမဲမြို့နယ်ခွဲများမှ ဌာနဆိုင်ရာဝန်ထမ်းများအားလည်းကောင်း အသီးသီးရောင်းချပေးခဲ့ပြီး ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာ ငွေ(၅၇၃၈) ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်မောင်