အမြို့မြို့အနယ်နယ်သတင်းများ

Apr 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံရောင်းချနေသော ဆိုင်များအား ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေး လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနက ဦးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Apr 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို (Catch-up) နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် သတ်မှတ်နေရာအသီးသီးတို့တွင် ဆောင်ရွက်လျက်ရှိသည်။
Apr 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၄ ရက်နေ့ နံနက် (၉)နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။
Apr 08,2024
ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်၊ ဘုရားသုံးဆူတောင်ပေါ်ကြီးကျောင်း၌ ပြည်သူများ ဖူးမြှော်ကြည်ညိုပူဇော်နိုင်ရန် တည်ထား ပူဇော်ထားသည့် ဉာဏ်တော်အမြင့် (၂၅၅)ပေ (၆) လက်မရှိ ထိုင်တော်မူ ဗုဒ္ဓဂေါတမရုပ်ပွားတော် ဘုရား၏ ပရိဝုဏ်အတွင်း၌ အမြင့်ပေ (၂၀၀)ရှိ မဟာဗောဓိစေတီတော်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Apr 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊  မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု မိုင်းဟန်ကျေးရွာတွင် ယမန်နေ့က ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းဝန်းအတွင်း တည်ထားကိုးကွယ်တော်မူသည့် ရွှေတိဂုံပုံတူ ဝိမုတ္တိသုခဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ရွှေထီးတော်အသစ် ပြန်လည်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
Apr 08,2024
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးနှင့်အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင်မသင်ကြားနိုင်သည့်သူများ လူမှုဘဝမြင့်မားစေရန်ရည်ရွယ်၍ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို ယနေ့နံနက် (၈) နာရီမှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Apr 08,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မြို့ပေါ်/ရပ်ကွက်နှင့် ကျေးရွာများရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများအား ယနေ့ နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Apr 08,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆည်ရေသောက်၊ ဒေသအလိုက် သဘာဝချောင်းများတွင် ဒေသကျောက်ဖြည့် မျှောရိုက်ဆည်စနစ်များဖြင့် နွေစပါးနှင့် ဆောင်းသီးနှံစုံ ၂၁၀၆၄ ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။