ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီ(၁)ဧက ပိဿာချိန်(၃)ကျော်ထွက်ရှိပြီး ပိဿာငွေ(၁၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်

ကျောက်ဆည် ဧပြီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်သွန်နီ(၁)ဧက ပိဿာချိန်(၃)ထောင်ကျော်ထွက်ရှိပြီး တစ်ပိဿာငွေ(၁၈၀၀)ကျပ်ဖြင့် အရောင်အဝယ်ဖြစ်ကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရှိရသည်။

ကြက်သွန်နီသီးနှံစိုက်ပျိုးမည်ဆိုပါက မျိုးစေ့များကို သီးခြားပျိုးထောင်ရပြီး ပြောင်းရွေ့စိုက်ပျိုးရာတွင် ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် နေရာဒေသနှင့်မြေအမျိုးအစားအလိုက် မြေဘောင်အကြီးအသေးများပြုလုပ်ပြီး စိုက်ပျိုးရကြောင်း၊ ကြက်သွန်နီစိုက်ပျိုးရာတွင် သွင်းအားစုကုန်ကျစရိတ်နှင့် အရင်းအနှီးများပြီး ထွက်နှုန်းအနေဖြင့် ရာသီဥတုနှင့် အပင်အပြုအစုအပေါ်မူတည်၍ (၂၅၀၀)ပိဿာမှ (၄၀၀၀)ပိဿာအထိ ထွက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ကြက်သွန်နီသီးနှံများကို တပို့တွဲ၊ အပေါင်းလများတွင် စတင်တူးဖော်ရောင်းချကြကြောင်း၊ လက်ရှိအချိန်တွင် ကြက်သွန်နီတစ်ပိဿာငွေကျပ်(၁၈၀၀)ကျပ် ရောင်းချရသဖြင့် ကြက်သွန်နီလက်ဝယ်ရှိသည့်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)