မိုင်းယု ဧပြီ ၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ပူပြင်းခြောက်သွေ့သည့် နွေရာသီသင်္ကြန်ကာလတွင် အပူဒဏ်ကို သက်သာစေရန်အတွက် နမ့်လွေချောင်းသောင်ပြင်နေရာတွင် လာရောက်လည်ပတ် ရေကစားအပန်းဖြေသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိသည်။
အဆိုပါ နမ့်လွေချောင်းသောင်ပြင်နေရာမှာ မြို့မရပ်ကွက်၊ ဒေါင်နေကျေးရွာအနီး အပေါ်ဘက်တွင်တည်ရှိပြီး ယင်းသောင်ပြင်နေရာကို ယခင်နှစ်သင်္ကြန်ကာလ၌ အပန်းဖြေတဲများ တည်ဆောက်ပြုလုပ်ခဲ့သော်လည်း ယခုနှစ်သင်္ကြန်တွင် အပန်းဖြေတဲများ တည်ဆောက်ခြင်းမရှိပဲ သောင်ပြင်စပ်တွင် အရိပ်ရစေရန်အတွက် သက်သက်သာ ဆလာအိတ်အမဲစဇကာများ တိုင်ထောင်မိုးခြင်းနှင့် အပန်းဖြေလည်ပတ်သူတို့မှ မိမိတို့၏ ထီးမိုးအကြီးများယူဆောင်ကာ အရိပ်ရစေရန် အမိုးများလုပ်ခြင်းဖြင့် မိမိတိုင်ကိုယ်တိုင်ပြုလုပ်၍ လာရောက်အပန်းဖြေ ရေကစားနေလျက်ရှိကြောင်း သိရသည်။
မိုင်းယုမြို့တွင် ပူပြင်းခြောက်သွေ့သည့် နွေရာသီသင်္ကြန်ကာလတွင် အပူဒဏ်ကိုသက်သာစေရန်အတွက် နမ့်လွေချောင်းသောင်ပြင်နေရာတွင် လာရောက်လည်ပတ် ရေကစားအပန်းဖြေသူ မိုင်းယောင်းနှင့် မိုင်းယုမြို့တို့မှ ပြည်သူများမှာ ယခုရက်အတွင်း အပူလှိုင်းဖြတ်ကျော်မှုဒဏ်ကို စိတ်ခံစားမှုသက်သာစေရန်နှင့် မိသားစုများ ပျော်ရွှင်စွာ အပန်းဖြေရန်အလို့ငှာ တောင်ကုန်းတောင်တန်းများပတ်လည်ဝိုင်းကာ ကြည်လင်အေးချမ်းစွာဖြင့် တသွင်သွင်စီးဆင်းနေသော မိုင်းယုမြို့ရှိ နမ့်လွေချောင်းသဲသောင်ပြင်စပ်နေရာသို့ မိသားစုးများလိုက်ရေကစားခြင်း၊ အပေါင်းအသင်းများ ဝိုင်းဖွဲ့စားသောက်ကြခြင်းနှင့် မိသားစုများ အမှတ်တရဓာတ်ပုံရိုက်ကြခြင်းတို့ဖြင့် စည်ကားနေလျက်ရှိသည်။
ထို့နောက် မိုင်းယုမြို့တွင် သင်္ကြန်ကာလအတွင်း လည်ပတ်နိုင်ရန်နှင့် ယိင်းကပြဖျော်ဖြေနိုင်ရန်အတွက် မဟာသင်္ကြန်မဏ္ဍပ်များ တည်ဆောက်နေခြင်း၊ ယိမ်းအဖွဲ့များမှ သင်္ကြန်အကတိုက်နေကြခြင်းများ ပြုလုပ်နေကြပြီး အချို့ပြည်သူများကလည်း မြို့မရပ်ကွက်၊ ဒေါင်နေကျေးရွာအနီးရှိ နမ့်လွေချောင်းသဲသောင်ပြင်နေရာတို့ နေ့စဉ်မပျက်လာရောက်ကာ အပန်းဖြေရေကစားနေလျက်ရှိကြကြောင်း သိရသည်။
ကိုကိုနိုင်