စလင်း ဧပြီ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ပညာသင်ကြားနိုင်စေရန် ကျောင်းသုံးပုံနှိပ်စာအုပ် ဗလာစာအုပ်ဝတ်စုံများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးခန်းမနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၄-၂၀၂ ပညာသင်နှစ်တွင် အခက်အခဲမရှိ ကျောင်းအပ်နှံ၍ ပညာသင်ကြားနိုင်စေရန် ပညာရေးဝန်ဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ၊ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ အခမဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဝတ်စုံတို့အား မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများက မြို့ပေါ်အခြေခံပညာကျောင်းများနှင့် ကျေးရွာအုပ်စုများရှိ ကျောင်းများအလိုက် ကျောင်းသား၊ ကျောင်းသူများ၏ အောင်ချက်ရာခိုင်နှုန်းအလိုက် စည်းကမ်းတကျ စာရင်းများပြုစု၍ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
(မောင်လွင်)စလင်း