လယ်ဝေးမြို့၊ သုတစံအိမ်သင်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပ

လယ်ဝေး ဧပြီ ၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ သုတစံအိမ်သင်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ကျင်းပသည်။

ရှေးဦးစွာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစန်းအောင်က အမှာစကားပြောကြားပြီး လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် စာပေဗိမာန်ဆုရ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့် လူငယ်အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအား သင်တန်းသား၊ သင်တန်းသူ​များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)