မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မမဟိန္ဓိ လေးထပ်ကျောင်းဆောင်၌ အစိုးရပါဠိပထမ ပြန်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးဆုံး

မဟာအောင်မြေ ဧပြီ  ၉

မန္တ‌လေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မမဟိန္ဓိ လေးထပ်ကျောင်းဆောင်၌ ဧပြီလ(၃)ရက်နေ့မှ စတင် ဖြေဆိုခဲ့ရာ ယ‌နေ့ ဧပြီလ(၉)ရက်နေ့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို အောင်မြင်စွာဖြေဆိုပြီးဆုံးခဲ့ကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် မြို့နယ်အတွင်းရှိစာသင်တိုက်များမှ သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုခဲ့ကြပြီးဧပြီလ(၃)ရက်နေ့မှ (၆)ရက်နေ့အထိ အခြေပြုမူလတန်းစာရင်းရှိ (၄၈၁) ဖြေဆိုသံဃာ‌တော် (၃၇၀)ပါး၊ သီလရှင်(၄)ပါး၊လူ(၃)ဦး၊ စုစု‌ပေါင်း (၃၇၇)ပါး ပျက်ကွက်(၁၀၄)ပါးအားလည်းကောင်း၊ ဧပြီလ(၃)ရက်နေ့မှ(၇)ရက်နေ့အထိ ပထမငယ်တန်းစာရင်းရှိ (၃၄၁) ဖြေဆိုသံဃာ‌တော် (၂၇၁)ပါး၊ သီလရှင်(၂)ပါး၊ စုစု‌ပေါင်း(၂၇၃)၊ ပျက်ကွက်(၆၈)ပါးအားလည်းကောင်း၊ ဧပြီလ(၃)ရက်နေ့မှ (၈)ရက်နေ့အထိ ပထမလတ်တန်း စာရင်းရှိ (၃၁၆)ဖြေဆို(၂၃၄)ပါး၊ သီလရှင်(၃)ပါး၊ စုစု‌ပေါင်း (၂၃၇)၊ ပျက်ကွက်(၇၉)ပါးအား လည်ကောင်း၊ ဧပြီလ(၃) ရက်နေ့မှ(၉)ရက်နေ့အထိ ပထမကြီးတန်းတွင် စာရင်းရှိ(၄၂၁)၊‌ ဖြေဆို သံဃာ‌တော်(၃၃၉)ပါး၊ သီလရှင်(၄)ပါး၊ လူ(၁)ဦး၊ စုစု‌ပေါင်း (၃၄၄)၊ ပျက်ကွက် (၇၇)ပါးတို့သည် အေးချမ်းစွာဖြေဆိုခဲ့ကြပြီး စာဖြေသံဃာတော်၊ သီလရှင်၊ လူပုဂ္ဂိုလ်တို့အား အလှူရှင်များနှင့် ရပ်ကွက်နေပြည်သူများမှ အချိုရည်၊ ရေနှင့် အချိုပွဲများဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲများကို ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ နှစ်စဉ်ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှ (၉)ရက်နေ့အထိဖြေဆိုခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုနှင့်သာသနာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများနှင့် သာသနာ့အကျိုးတော်ဆောင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း