ဥတ္တရသီရိ ဧပြီ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ဆီထွက်သီးနှံများ မျှော်မှန်းပန်းတိုင် အထွက်နှုန်းရရှိရေးတောင်သူအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဘုရားတောင်ကျေးရွာ အုပ်စု၊ ပိုတက်ကျေးရွာ တောင်သူအသိပညာပေးစင်တာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိဇင်ဝင်းနှင့် ဝန်ထမ်းများက ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီနှံများ မျှော်မှန်းပန်းတိုင် အထွက်နှုန်းရရှိရေး တောင်သူ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အဓိက သီးနှံ(၁ဝ)မျိုးတွင်ပါဝင်သည့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာသီးနှံများကို မျှော်မှန်းအထွက်နှုန်းရရှိ အောင်မဖြစ်မနေ ဆောင်ရွက်ကြရမှာဖြစ်သည့်အတွက် တောင်သူများ၏ လိုအပ်ချက်များ၊ နည်းပညာများ၊ သင်တန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် အခက်အခဲများရှိပါက မိမိတို့ဌာနမှ စိုက်ပျိုးရေးနည်းပညာများနှင့် ပတ်သက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မျှော်မှန်းအထွက်နှုန်းရရှိ နိုင်သည့် မျိုးစေ့များကို ညွှန်ပြပေးပို့သွားမှာဖြစ်ပြီး တောင်သူလက်ဝယ်တွင် မျိုးကောင်းမျိုးသန့်များရရှိရန် စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ ပိုးမွှားရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ရောဂါပိုးကျရောက်ပါက ဌာနနှင့်ဆက်သွယ်ဆောင်ရွက်ရန်မှာကြား၍ လိုအပ်သည်များကို ကူညီပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)