ငါ့သရောက်မြို့၌ တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများတိုးပွား

ငါ့သရောက် ဧပြီ  ၉ 

တိရိစ္ဆာန်များအတွက် အစာစရိတ်သက်သာပြီး အရင်းအနီးနည်းနည်းဖြင့် အပိုဝင်ငွေများရရှိနိုင်သော တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့အတွင်း လုပ်ကိုင်လျက်ရှိကြောင်း ဆိတ်မွေးမြူသူ ဦးဝင်းဌေးထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့သည် ထန်းတောင်သူလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်နေသော မြို့တစ်မြို့ဖြစ် သည်။ မိုးရေချိန်ရရှိမှုပေါ် မူတည်၍  တောင်သူလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်လျက်ရှိရာ ယနေ့အချိန်တွင် တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူခြင်းများကို လုပ်ကိုင်လာသူများ တိုးပွားလျက်ရှိသည်။  ဆိတ်မွေးမြူရေးသည် အဓိကကျတဲ့ ကျွေးမွေးစရိတ် (အစာဖိုး) သက်သာတယ် သူ့အတွက် အစာဖိုးသီးသန့်မကုန်ဘူး၊ သဘာဝအလျောက် လွတ်ကျောင်ပုံစံနဲ့ နေသာဖြစ်လို့  မွေးမြူသူတွေအနေနဲ့ တွက်ခြေကိုက်ကြတယ်။  လက်ရှိ ဆိတ်မဒါန်းပေါက်စျေး  (ငွေကျပ်  ၁၂၀၀၀၀)  ကျပ်၊  ဆိတ်မကြီးတစ်ကောင်  (၁၅၀၀၀၀)  ဝန်းကျင်ဆိတ်ပေါက်တစ်ကောင် (၁) သိန်းကျော် ပေါက်စျေးရှိပြီး ဆိတ်မတစ်ကောင်မှာ တစ်နှစ်သားပေါက်(၂) ကြိမ် ကျတာကြောင့် မွေးမြူသူတွေအတွက် တွက်ချေကိုက်တဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်လို  ဆိတ်မွေးမြူသူက ဆက်လက်ရှင်းပြသည်။

ငါ့သရောက်မြို့အတွင်း လက်ရှိကာလတွင် စီးပွားဖြစ် ဆိတ်မွေးမြုသူများအပြင် တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးလုပ်ငန်း  လုပ်ကိုင်သူများ တိုးပွားပြီး   မိသားစုဘဝများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ငါ့သရောက် (ပြန်/ဆက်)