ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ သတ္တမနေ့ ဖြေဆို

ကော့သောင်း  ဧပြီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၁၃၈၅ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့ထိ ပြည်တော်အေးသာသနာ့ ဗိမာန်တော်တွင် ကျင်းပလျက်ရှိရာ ယနေ့သတ္တမနေ့တွင်ပထမကြီးတန်းများက ဘာသာပြန် ဘာသာကို ဖြေဆိုလျက်ရှိသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် နာယကဆရာတော်ကြီးများ၊ အမှုဆောင်နှင့်ကြီးကြပ်ရေးဆရာတော်ကြီးများ၊ ပုစ္ဆက၊ ဝိသဇ္ဇနဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့သတ္တမ‌မြောက်‌နေ့တွင် ကော့သောင်းမြို့နယ် စာသင်တိုက်အသီးသီးမှ ပထမကြီးတန်း (၈)ပါးဖြေဆိုခဲ့ကြရာ ယနေ့တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲကြီး ဖြေဆိုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)