နွားထိုးကြီးမြို့၌ အစိုးရ ပါဠိပထမပြန် စာမေးပွဲ ဆက်လက်ဖြေဆို

နွားထိုးကြီး ဧပြီ  ၉

နွားထိုးကြီးမြို့၊ အမှတ်( )ရပ်ကွက်အတွင်းရှိ အလယ်ကျောင်း စာသင်တိုက်၌ ယနေ့ မွန်းတည့် (၁၂) နာရီအချိန်က မြို့နယ်သံဃာနာယက ဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ပါဠိ ပထမပြန်စာမေးပွဲကို  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

စာမေးပွဲဖြေဆိုရာတွင် မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ ပါဠိပထမပြန်စာမေးပွဲကို ပထမကြီးတန်းတွင် စာရင်းရှိ()၊ ဖြေဆို() ဝင်ရောက် ဖြေဆိုခဲ့ကြသည်။

နွားထိုးကြီးမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲများကို ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ()ရက်နေ့မှ ဧပြီလ()ရက်နေ့အထိ ကျင်းပပြုလုပ်ပေးမည်ဖြစ်ပြီး ပထမကြီးတန်းတွင်  ဘာသာပြန်တို့ ဖြေဆိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုနှင့် သာသနာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်