ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဖြူး ဧပြီ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့၊ နံနက် (၁၀) နာရီအချိန်က စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်ပါ လူငယ်နှင့် ပညာဆိုင်ရာစာစုများအဖြစ် ရေးသားထားမှုအပေါ် ရှင်းလင်းပြောကြားသည်။ ထို့နောက် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်မှ လူငယ်နှင့်ပညာဆိုင်ရာစာစုများဖြစ်သည့် "လူငယ်တွေအတွက်လူကြီးတွေ ပြင်ဆင်သင့်တဲ့အရာများ" "တပည့်တွေအကြောင်း" "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စသည့် ခေါင်းစဉ်များအား (Book Club) အဖွဲ့ဝင်များ၊ ရုံးစာကြည့်တိုက်တွင် အမာခံစာငှားပရိသတ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ အသီးသီး​ဖတ်ကြားပြီး အကျိုးရှိဖွယ် စာပေအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းအပြီးတွင် စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)