အမြို့မြို့အနယ်နယ်သတင်းများ

Apr 10,2024
 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Apr 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူများနွေရာသီကျောင်း ပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော နွေရာသီအားက စားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ခရိုင်အားကစားခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
Apr 10,2024
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က လူငယ်နှင့်ပြည်သူ့နီတိခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောရာတွင် ကျောင်းသားလူငယ်များအနေဖြင့် ငယ်စဥ်ကစ၍ လိုက်နာနေထိုင်ရမည့် ကျင့်ဝတ်များ၊ တာဝန်များနှင့် အသိပညာအတတ်ပညာပြည့်စုံစွာဖြင့် ဖွံ့ဖြိုးနိုင်ရေးအတွက် စာများများ ဖတ်ရှုကြရန်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
Apr 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အင်ပင်မြို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေဂါလံ (၁၀၀၀) ဆံ့ မီးသတ်ရေသယ်ယာဥ် စွမ်းရည် ပြသပွဲနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယမန်နေ့နံနက်က အင်ပင်မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမနှင့် Royal ဆီဆိုင်တို့တွင်ကျင်းပခဲ့သည်။
Apr 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကြံခင်းမြို့ ၊ ရွှေညောင်ပင်ကျောင်းတိုက်၊ ပညာဆီမီးဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Apr 10,2024
ရပ်ရွာအတွင်းရှိ စာမတတ်သူ ကျောင်းမနေဖူးသူများ ပညာရေးနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရန် ရပ်ကွက်၊ ကျေးရွာများတွင် အခြေခံစာသင်ဝိုင်းများကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Apr 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် မြို့နယ်သံဃာ့ နာယကအဖွဲ့တို့က ကြီးမှူးကျင်းပ‌ သော အစိုးရပါဠိပထမပြန်စာမေးပွဲကို စဉ့်ကိုင်မြို့နယ်၊ တရုတ်စု ရပ်ကွက်ရှိ ‌တိုက်ကျောင်း ပရိယတ္တိစာသင်တိုက်ရှိ ရွှေကံကူဓမ္မာရုံနှင့်သဇင်ညွန့်ဓမ္မာရုံတို့၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ စတင်ဖြေဆိုခဲ့ရာ ဧပြီလ ၉ ရက်နေ့ (သတ္တမ) နေ့တွင် ပထမကြီးတန်းများ  အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်းသိရသည်။
Apr 10,2024
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက  ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပခဲ့သည်။