ကလိန်အောင်မြို့၌ မီးဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် 191 Sticker  များ ကပ်ခြင်းဆောင်ရွက်

ကလိန်အောင် ဧပြီ ၁၂

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့တွင် အလွန်ပူပြင်းသော နွေရာသီ အချိန်အခါဖြစ်၍  ပြည်သူများ မီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များနှင့် (191) Sticker များ ဖြန့်‌‌ဝေ‌ပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ကလိန်အောင်မြို့ အဝင်အထွက် စစ်‌ဆေးရေးဂိတ်နှင့် လူစည်းကားရာ မြို့မဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆောင်ရွက်ခြင်းကို ကလိန်အောင်နယ်‌ မြေမီးသတ်စခန်းမှ ဒု-ဦးစီးမှူး ဦးမျိုးဆွေဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန် သဘာဝ‌ဘေးအန္တရာယ် တစ်ခုခုဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ဆက်သွယ်နိုင်ရန် အရေးပေါ် ဖုန်းနံပါတ် ၊191 ပါရှိသည့် Sticker များနှင့် မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)