သံတောင်ကြီး ဧပြီ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် နော်ဘူဘောဆုတောင်းတောင် ကော်မတီများမှ ဦးဆောင်၍ (၂၉) ကြိမ်မြောက် နော်ဘူဘောဆုတောင်းတောင် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဘော်လီဘော ပြိုင်ပွဲကို ယမန်နေ့ နေ့လည် (၃) နာရီအချိန်က သံတောင်ကြီးမြို့ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဇိုင်းယာန်းနှစ်ခြင်း အသင်းတော်မှ ဆရာတော် မူးယွာထူးက အဖွင့်ဆုတောင်းပေးခြင်း၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို နော်ဘူဘောဆုတောင်းတောင်ကော်မတီအဖွဲ့ဝင် ဦးစောခရစ္စတိုဖာမှ ပြောကြားပြီး ဘော်လီဘော ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ရပ်ကွက်(၂)အသင်းမှ တော ပြာကြီးကျေးရွာအသင်းကို (၂) ပွဲ (၁) ပွဲအဖြစ်လည်းကောင်း ကျွဲဖြူတောင်ကျေးရွာအသင်းက ရပ်ကွက် (၃)ကို (၁)ပွဲ (၁)ပွဲ သရေအဖြစ် လည်းကောင်း၊ မောင်နွဲ့ကြီးကျေးရွာအသင်းက ရပ်ကွက်(၄) အသင်းကို (၁)ပွဲ အပြတ်ဖြင့်လည်းကောင်းအသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ (၂၉) ကြိမ်မြောက် နော်ဘူဘောဆုတောင်းတောင် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကို ဧပြီလ (၁၀) ရက်နေ့ မှ (၁၃) ရက်နေ့အထိ သံတောင်ကြီးမြို့နယ်ရှိ ရပ်ကွက်/ ကျေး ရွာများမှ အသင်း (၁၃) သင်းအဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်နော်မူ