တနိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်(၃)အရ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

တနိုင်း ဧပြီ ၁၂

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက် (၃) အရ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ကင်ဆားရာရပ်ကွက် နှစ်ခြင်းအသင်းတော်ဘုရားကျောင်းဝင်းအတွင်း ဧပြီလ ၉ ရက်နေ့ နံနက် (၁၀) နာရီက ပြုလုပ်သည်။

ထိုသို့ ဆောင်ရွက်ပေးရာသို့ တနိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဘောက်နော် ဦးဆောင်၍ ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့်သူများအား ဆောင်ရွက်ပေးလျက်ရှိရာ အသက် (၁၀) နှစ်ပြည့်ပြီးသူ ကျား (၃၈)ဦးနှင့် မ(၄၆)ဦး၊ အသက်(၁၈) နှစ်ပြည့်ပြီးသူ ကျား(၄)ဦး စုစုပေါင်း (၈၈)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်ဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မနောမြေ(ပြန်/ဆက်)