သံတောင်ကြီးမြို့နယ်တွင် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား

သံတောင်ကြီး ဧပြီ ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်  နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျောင်းသူ/သားများ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ဦးနှောက် ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင်းတွင် ဧပြီလ (၆) ရက်မှ စတင်၍   အားကစားနည်း (၄) မျိုးကို  ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေရာသီ အားကစားသင်တန်းများအား အမှတ် (၂) ရပ်ကွက်  အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ပိုက်ကျော်ခြင်း ၊ ဘော်လီဘော ၊ ကြက်တောင် ၊ Fitness   Dance  စသည့်   ကစားနည်းမျိုးတွင် သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးအား သင်တန်းနည်းပြ (၄)ဦးက သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းကာလမှာ  ဧပြီ (၆) ရက်မှ (၂၀) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးပြည့်ဖြိုးဦးထံက သိရသည်။

နော်နော်မူ(ပြန်/ဆက်)