မောက်မယ် ဧပြီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မြန်မာနိုင်ငံအပူဆုံးလများဖြစ်သည့် ဧပြီ၊ မေလများ ယခုနှစ် နွေရာသီတွင် အပူရှိန်မြင့်မား၍ ရေပြတ်လပ်မှုများနှင့် အခြားကျန်းမာရေးဆိုင်ရာများလည်း ကြုံတွေ့ခဲ့ကြရာ အပူဒဏ်ကို အကြောင်းအမျိုးမျိုးဖြင့် ကာကွယ်ခဲ့ပြီး နှီးချောဖျာ၊ ဝါးချောဖျာ၊ သင်ဖြူးဖျာများ အစားထိုးသုံးစွဲလာကြပြီး အပြင်ထွက်သည့်အခါ လူကြီးကလေး အပူဒဏ်ကာကွယ်နိုင်စေရန် ထီး၊ ဝါးကပ်ဦးထုပ်၊ ကြိမ်ဦးထုပ်၊ ဂျုံရိုးဦးထုပ်၊ ချည်ဦးထုပ်များ ရောင်းအားကောင်းလျက်ရှိကြောင်း စျေးရောင်းသူတစ်ဦးထံမှ သိရသည်။
မောက်မယ်မြို့နယ် မြို့မစျေးအတွင်းနှင့် ရပ်ကွက်အတွင်းရှိ စျေးဆိုင်များတွင် ဝါးကပ်ဦးထုပ် တစ်လုံး ၂၀၀၀ ကျပ်၊ ကြိမ်ဦးထုပ်တစ်လုံး ၅၀၀၀ ကျပ်၊ ချည်ဦးထုပ်များကို စျေးအသီးသီးဖြင့် နွေရာသီကာလပတ်လုံး ဦးထုပ်မျိုးစုံ၊ ထီးမျိုးစုံများ ပုံမှန်စျေးဖြင့် ရောင်းချကာ ရောင်းသူ/ဝယ်သူ အဆင်ပြေစေရန် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)