မော်လမြိုင်ကျွန်း ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် (၁၃၈၅) ခုနှစ်၊ သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များ၊ စတုဒီသာလှူဒါန်းသည့်မဏ္ဍပ်များ၊ ဗဟိုမဏ္ဍပ်ဖျော်ဖြေပွဲများဖြင့် မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မဟာဗန္ဓုလ(၁၃)လမ်းထိပ်နှင့် မင်းလမ်းမကြီးပေါ်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ဗဟိုမဏ္ဍပ်အပါအဝင် အခြားသောမဏ္ဍပ်များတွင် အဆိုတော်များ၊ တေးဂီတဝါသနာရှင်များမှ ခေတ်ပေါ်တေးဂီတများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအကအဖွဲ့များ သင်္ကြန်ကာလအကြိုနေ့မှ စတင်ကာ နေ့စဥ် စတုဒီသာများ ကျွေးမွေးခြင်းဖြင့် ပျော်ရွှင်စွာကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စေရန်အတွက် မော်လမြိုင်ကျွန်းမြို့နယ်၌ မဟာဗန္ဓုလ (၁၃)လမ်း ဗဟိုမဏ္ဍပ်ဆောက်လုပ်ပြင်ဆင်နေမှုနှင့် ပြီးစီးမှုအဆခြအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းအလိုက် အနီးကပ်ကြီးကြပ်၍ ရေကစားသူများ၊ ဖျော်ဖြေရေး၊ ယိမ်းအဖွဲ့များဖြင့် ကပြခြင်း၊ စတုဒီသာကျွေးမွေးဧည့်ခံခြင်းများဖြင့် ရိုးရာအစဥ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)