ကျောက်ဆည် ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီက ဆီထွက်သီးနှံများ လျာထား ချက်ထက် အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန်ရေးအတွက် အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိသော ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ အထူးဇုံများ ဇုံအလိုက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဆီထွက်သီးနှံ အထူးဇုံအမှတ် (၁)တာဝန်ခံ ဦးမျိုးမြင့်မှ အထူးဇုန် အလိုက် အကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် မြေပြင်ခြင်း၊ မျိုးရွေးချယ်ခြင်းများမှစ၍ စိုက်ပျိုးပြုစုပျိုးထောင်ရိတ်သိမ်းခြင်း အထိဆောင်ရွက်သွားရမည့် လုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောက်ဆည်မြို့နယ် ဆီထွက်အထူးဇုံ လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမြင့်အောင်က (၁) ဧက အပင်ဝင်ဆန့်မှု အကွာအဝေးအတိုင်း သေပျောက်မှုမရှိရေးနှင့် အထွက်နှုန်း တိုးတက်ပြီး ပန်းတိုင်းအထွက်ရရှိရေး နည်းလမ်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ (မြေ၊ မျိုး၊ ပိုး)တာဝန်ခံများမှ မြေအမျိုးအစားများ အကြောင်း၊ မျိုးကောင်းမျိုးသန့် ရွေးချယ်ခြင်း၊ ပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ ရေကိုအကျိုးရှိစွာ သုံးစွဲခြင်းနှင့် ဘောင်ကြီးတင်စနစ် စိုက်ပျိုးခြင်း၊ သွင်းအားစုများအား အချိန်ကိုက် လိုအပ်သည့် ပမာဏ ထည့်သွင်းစိုက်ပျိုးရေး စသည့် အကြောင်းများ ဆွေးနွေးခဲ့ကြောင်းနှင့် ကျောက်ဆည်မြို့နယ်၌ မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ အထူးဇုန် အမှတ်(၁)တွင် မြေပဲ (၄၀၀) ဧက၊ နှမ်း (၃၇၃၀၀)ဧက၊ နေကြာ (၁၂၉၀၀) ဧက စုစုပေါင်း (၅၀၆၀၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)