ကသာ ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ် မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ ဥဩ(ချယ်ရီမြေ) ရေးသားသည့် မျဉ်းတစ်ကြောင်းပေါ်မှာ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကသာမြို့ (Book Club) အဖွဲ့ဝင် ကသာမြို့စာရေးဆရာအသင်း နာယက(ကသာ သင်းမွှေး)က စာရေး ဆရာ ဉဩ(ချယ်ရီမြေ) ရေးသားသည့် “မျဉ်းတစ်ကြောင်းပေါ်မှာ” ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး မြို့နယ် (Book Club) အဖွဲ့ဝင် ကသာမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးဘမောင်(ကိုဘ၊ ကသာ)ကလည်းကောင်း၊ စာပေချစ်သူ ဦးသန်းဦး(ကြယ်ပြောင် ကသာ)၊ စာပေချစ်သူ ဒေါ်ချိုချိုပြုံးမြင့်၊ မောင်သူရစံနှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်သူများက မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီးဆွေးနွေခဲ့ကြသည်။
ဆက်လက်၍ ကသာမြို့နယ် စာရေဆရာအသင်း နာယက ဦးချစ်မြိုင်နှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာတို့က စာပေချစ်သူများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် မိမိတို့၏ တိုးတက်ရာ တိုးတက်ကြောင်းကို ရည်မှန်းချက်ရှိစွာ လျှောက်လှမ်းရာတွင် မှန်မှန်ကန်ကန် စဉ်းစားဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ လူတစ်ယောက်နှင့်တစ်ယောက် အဓိပ္ပါယ်ဖွင့်ဆိုမှုချင်း မတူညီကြကြောင်း၊ အတ္တတွေ၊ ဆန္ဒတွေ၊ ယုံကြည်ချက်တွေ၊ ဘဝတွေကို ပုံဖော်သည့်အခါတွင် မျဉ်းရဲ့အမည်းဘက်ခြမ်း တစ်ဖက်အစွန်းကို မရောက်သွားကြရန် လိုအပ်ပါကြောင်းတို့ကို ပြန်လည်ဖြည့်စွက်ဆွေးနွေးကာ စာပေချစ်သူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကသာမြို့ Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲလင်းထွန်း(ပြန်/ဆက်)