ပြည့်စုံချမ်းသာ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

ချမ်းအေးသာစံ ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်အတွင်း ဖွဲ့စည်းထားသော ပြည့်စုံချမ်းသာ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းဝေး နှင့် လစ်လပ်နေသော အမှုဆောင်(၁)ဦး ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သဘာပတိက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက လမ်းညွှန်အမှားစကား ပြောကြားခဲ့သည်။ ထို့နောက် ဘဏ္ဍာရေးရှင်းတမ်း၊ အသင်း၏ ရှေ့လုပ်ငန်းစဉ်များ၊ အသင်းစာရင်းစစ် အစီရင်ခံစာများကို ဖတ်ကြားပြီး လစ်လပ်နေသော အမှုဆောင်(၁)ဦးအား ရွေးချယ်ကာ သဘာပတိမှ အတည်ပြုခဲ့ကြသည်။

ပြည့်စုံချမ်းသာ ငွေစုငွေချေးသမဝါယမအသင်းလိမိတက်သည် အသင်းသား (၁၇၁)ဦးရှိပြီး အသင်းသား များအား ငွေကျပ် သိန်း(၉၀)ကျော် ချီးမြှင့်ထောက်ပံ့ပေးထားနိုင်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်