ငပုတောမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်

ငပုတော ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ ဆောက်လုပ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ကို ငပုတောမြို့ တောင်ပိုင်း ယုဇနလမ်းမကြီးတွင် စတင်ဆောက်လုပ်ပြင်ဆင်လျက်ရှိကြောင်း၊ ယခင်နှစ်များ နည်းတူ သင်္ကြန်ယိမ်းအဖွဲ့များ၊ သင်္ကြန်တေးသီချင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင် ကျင်းပသွားမည်ဖြစ်ရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို သင်္ကြန်အကြိုနေ့၊ မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲကို သင်္ကြန်အတက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီး ပူဇော်ပွဲကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း  သိရသည်။

‌အောင်သူ (ပြန်/ဆက်)