ဒေးဒရဲမြို့နယ်၌  မဟာသင်္ကြန်ကာလအတွင်း နေရပ်ပြန် ပြည်သူများဖြင့် စည်ကားလျက်ရှိ

ဒေးဒရဲ ဧပြီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေးဒရဲတံတားမှ မဟာသင်္ကြန်ရုံးပိတ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရပ်သို့ ပြန်လည်ဝင်ရောက်လာသည့် ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါခရီးသွားပြည်သူများ ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် အေးချမ်းစွာ ခရီးသွားလာနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း