အလုံ ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်နေ့ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်၊ ရွှေလုံမောင်-မယ်ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အလုံမြို့နယ်၊ စောတောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ ရွှေလုံမောင်-မယ်ရေကစားမဏ္ဍပ်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် ရွှေလုံမောင်-မယ်ရေကစားမဏ္ဍပ်ကို အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဌေးကြွယ်၊ အဖွဲ့ဝင်(၂) ဦးအောင်စိုး၊ အဖွဲ့ဝင်(၃) ဦးဝင်းနိုင်နှင့် အတွင်းရေးမှူး ရဲမှူး အောင်ကျော်ကျော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပိတောက်မယ်ယိမ်းအဖွဲ့မှ အကအလှဖြင့် သီဆိုဖျော်ဖြေခြင်းနှင့် ဖျော်ဖြေတင်ဆက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ရွှေလုံမောင်-မယ်ရေကစားမဏ္ဍပ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှ ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့အထိ ပျော်ရွှင်စွာရေကစားခြင်း၊ အကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)