မိုင်းယောင်း ဧပြီ ၁၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သင်္ကြန်အကြိုနေ့က ဗဟိုရေကစားမဏ္ဍပ်၌ ပြည်သူများ ပျော်ရွှင်စွာ ရေကစားလျက်ရှိရာ သင်္ကြန်သီချင်းများ၊ ခေတ်ပေါ်သီချင်းများ၊ ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများနှင့် စတုဒိသာကျွေးမွေးဧည့်ခံမှုများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ဖြူစင်-မိုင်းယောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးအထောက်အကူပြုအသင်းမှ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့ဝင်များအားလုံးကလည်း ပြည်သူများရေကစားရာတွင် အဆင်ပြေစေရေး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းမြင့်လှိုင်