မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် ကြံခင်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးဆောင်ရွက်ထားမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

ကြံခင်း ဧပြီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက ကြံခင်းမြို့နယ် ရွာသစ်ရပ်ကွက်၊ အိမ်တော်ရာလမ်းနှင့် မဟာဗန္ဓုလလမ်းထိပ်ရှိ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပြင်ဆင်မှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဝင်များနှင့်အတူ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ် ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ဒေသနေပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ရေကစားနိုင်ရန် ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကျင်းပရန်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)