မကွေး ဧပြီ ၁၃
၁၃၈၅ ခုနှစ် မကွေးမြို့ မဟာသင်္ကြန်ရေသဘင်ပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကမ်းနားလမ်းရှိ ဗဟို မဏ္ဍပ်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကွဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူပြည်သား၊ မြို့တော်သူ မြို့တော်သားအပေါင်း နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး အချိန်အခါသမယတွင် မြန်မာ့ဓလေ့ရိုးရာ အစဉ်အလာနှင့် အညီအေးမြကြည်လင်သော မေတ္တာရေစင်ပက်ဖျန်း၍ ခြိမ့်ခြိမ့်သဲပျော်ရွှင်စွာ ဆင်နွဲသည့် မဟာသင်္ကြန်ရေသဘင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကြီးဖြစ်သဖြင့် ယခုအချိန်အခါသည် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး မင်္ဂလာရှိသည့် အချိန်အခါ သမယလည်း ဖြစ်ပါကြောင်း၊ သင်္ကြန်ဆိုသည်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းလို့ အဓိပ္ပာယ်ရတဲ့အတွက် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းတဲ့ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို အနှစ်သာရရှိရှိ ယခုလို ကျင်းပပေးတာဖြစ်ပါကြောင်း၊ မဟာသင်္ကြန်ပွဲတော်ဟာ မြန်မာတို့၏ တန်ဖိုးမဖြတ်နိုင်သော ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်သည့်အပြင် တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှု ပိုမို ရရှိလာနိုင်စေသည့် ဓလေ့စရိုက်ကောင်းများ ဖြစ်ထွန်းလာစေရန်ဆိုသည့်အနှစ်သာရများဖြင့် ကျင်းပသည့် ထူးခြားလေးနက်သော မြန်မာ့ရိုးရာပွဲတော်ကြီးလည်းဖြစ်ပါကြောင်း၊ ယခုနှစ်အတာသင်္ကြန်မှာ မြန်မာအမျိုးသားရေးစိတ်ဓာတ် ပေါ်လွင်နိုင်ရေး၊ မြန်မာလူမျိုးများ၏ ဂုဏ်သိက္ခာ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်လျက် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွဲရန် အလေးအနက် မှာကြားလိုကြောင်း ကြောကြားသည်။
ယင်းနောက် ၁၃၈၅ ခုနှစ် မကွေးမြို့ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ် ကွပ်ကွဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များမှ သင်္ကြန်သီချင်းများဖြင့် သီဆိုဖျော်ဖြေဧည့်ခံကာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များအား အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပေးခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲက ကြီးမှူးကျင်းပသည့် ၁၃၈၅-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မကွေးမြို ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ်(၆)ခု စုစုပေါင်းမဏ္ဍပ်(၇)ခုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနအလိုက် ဧည့်ခံဖျော်ဖြေရေး မဏ္ဍပ်များ၌ ယိမ်းအက အလှအဖွဲ(၁၉)ဖွဲက ယှဉ်ပြိုင်ကပြဖျော်ဖြေခြင်း၊ DJ Music များဖြင့် ဖျော်ဖြေဧည့်ခံခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို လာရောက်ကြည့်ရှုအားပေးသည့် ပရိသတ်များ၊ ရေကစားလာပြည်သူများနှင့် ဖျော်ဖြေရေးယိမ်းအဖွဲ များအား သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် အလှူရှင်များမှ နေ့စဉ်စတုဒီသာမုန့်များဖြင့် ဧည့်ခံကျွေးမွေးကာ မကွေးတိုင်းဒေသကြီး ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါန ငါးလွတ်ခြင်း၊ သက်ကြီးဘိုးဘွားများကို ကန်တော့ခြင်းနှင့် မြိုပေါ်ရပ်ကွက်များအတွင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းအစီအစဉ်များကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)