မန္တလေးမြို့ မင်္ဂလာမန္တလေး မြန်မာ့ရိုးရာ လမ်းလျှောက်အတာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပ

မဟာအောင်မြေ ဧပြီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေး မြန်မာ့ရိုးရာ လမ်းလျှောက်အတာသင်္ကြန် (အကြိုနေ့) ကို ယနေ့နံနက်ပိုင်းက အေးချမ်းပျော်ရွှင်စွာ ကျင်းပဖွင့်လှစ်ကြောင်း သိရသည်။

၁၃၈၅ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်များကို မန္တလေးမြို့နေရာအနှံ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ မင်္ဂလာမန္တလေးသင်္ကြန် (အကြို့နေ့) တွင် မန္တ‌လေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့ရဲ့ မင်္ဂလာမန္တလေး မဟာနှစ်သစ်ကူး မြန်မာ့ရိုးရာလမ်း‌လျှောက်အတာသင်္ကြန် လာ‌ရောက်ရေကစားကြသော အများပြည်သူများအား စိတ်ချမ်းမြေ့ပျော်ရွှင်စွာ လာရောက်ကစားနိုင်စေရန် တစ်နေ့တစ်ခြားထူးခြားစွာ ဖျော်ဖြေပေးလျက်ရှိရာ သင်္ကြန်အတတ်နေ့အထိ အများပြည်သူများစိတ်ချမ်းမြေ့ပျော်ရွှင်စွာကစားနိုင်စေရန် တာဝန်ရှိပုဂ္ဂိုလ်များမှ စီစဉ်ပေးထားပြီး နေ့စဉ် မနက် (၉) နာရီမှ (၁၂:၃၀) အထိ ည‌နေ (၃:၀၀) နာရီမှ (၆:၀၀) အထိ တေးသံရှင်အဆို‌တော်များဖြင့် ဖျော်ဖြေပေးခဲ့ပြီး နေ့လည်စားအတွက် ထမင်းဗူးများ၊ စားသောက်ဖွယ်ရာများ၊ချို‌ရေဗူးများ၊မုန့်လက်‌ဆောင်များ၊ စတုဒီသာမဏ္ဍပ်များ၊ဆင်အလှများနှင့် လမ်းလျှောက်အတာသင်္ကြန်လာရောက်ကြသော အများပြည်သူများ နေ့စဉ်သာယာလှပစိတ်ချမ်းမြေ့ပျော်ရွှင်စွာ ရေကစားနိုင်‌စေရန် ချစ်စရာ သနပ်ခါးသင်္ကြန်အဖြစ်လည်း လမ်းလျှောက်အနားယူနိုင်ပြီး ရာသီဥတုအပူဒဏ်ခံနိုင်စေရန်အတွက်လည်း အမိုးကာများဖြင့် သင်္ကြန်အကြိုနေ့မှ အကျနေ့၊အကြတ်နေ့၊အတက်နေ့အထိ‌ လုံခြုံအေးချမ်းပျော်ရွှင်စွာ ကျင်းပပေးလျက်ရှိကြောင်း ရေကစားမဏ္ဍပ်တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးထံမှ သိရသည်။

အောင်ဇော်မင်း