ရန်ကုန် ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၌ ၁၃၈၅ ခုနှစ် (ခရစ်နှစ် ၂၀၂၄) ခုနှစ် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာနှစ်သစ် ကူးသင်္ကြန်ပွဲတော်ရေ ကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်က လမ်းမတော်မြို့နယ် ၁၅ လမ်းနှင့် မဟာဗနလလမ်းမကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါရေကစားမဏ္ဍပ်ဖွင့်ပွဲအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာနှင့် အဖွဲ့ဝင်များ၊ လမ်းမတော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ကောင်ဇော်လင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ယိမ်းပျိုဖြူများအား အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းပေးကာ မြူမှောင်ဝေကင်း၊ မန်းတောင်ရိပ်ခို တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေပြီး ယိမ်းပျိုဖြူအဖွဲ့များမှ တစ်ပြိုင်နက် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့် (ပြန်/ဆက်)