ရန်ကုန် ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ(၄)နာရီက အင်းစိန်မြို့နယ် ခန်းမတွင် ကျင်းပခဲ့သည်။
ထိုသို့ ကျင်းပရာတွင် အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်က ၁၃၈၅ခုနှစ်၊ မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် နှစ်သစ်ကူး အမှာစကားပြောကြားပြီး အင်းစိန်ခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် အဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဗဟိုရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် တာဝန်ရှိသူများက သင်္ကြန်ယိမ်းအကအဖွဲ့များ၊ တေးသံရှင်များနှင့် ပြည်သူများအား အမွှေးနံသာရည် အတာရေစင်များ ပတ်ဖျန်းသည်။
ဆက်လက်၍ အင်းစိန်မြို့နယ်၊ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်တွင် ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခြင်း၊ တေးသံရှင်များက တေးသီချင်း များဖြင့် သီဆိုခြင်းနှင့် မြန်မာ့ရိုးရာမုန့်များဖြင့် စတုဒိသာများ ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)