ညောင်လေးပင်မြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

ညောင်လေးပင်ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ (၄)နာရီက မြို့မ(၃)ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမပေါ်ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးမှ မြန်မာ့ရိုးရာမဟာသင်္ကြန်ဖွင့်ပွဲ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ ညောင်လေးပင်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး မင်းထင်အောင်နှင့် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ထွန်းတို့က မဟာသင်္ကြန်မဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ယိမ်းအဖွဲ့များက “မြူမှောင်ဝေကင်းသီချင်းနှင့် ရွှင်လန်းချမ်းမြေ့ပါစေ”သီချင်းတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယိမ်းအဖွဲ့များကို အတာရေပက်ဖျန်းကာ ဆုများချီးမြှင့်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစားမဏ္ဍပ်တွင် သင်္ကြန်ကာလ (၄)ရက်အတွင်း သင်္ကြန်ယိင်းအက (၁၂)ဖွဲ့၊ တပင်တိုင်အက၊ Dancer အဖွဲ့များဖြင့် ဖျော်ဖြေ၍ နေ့စဥ်စတုဒိသာများ ကျွေးမွေးပြီး သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)