အမရပူရ ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ သမိုင်းဝင်ဦးပိန်တံတားအနီးတွင် ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၊ အမရပူရခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ မယ်ဇယ် သစ္စာ ရေကစားမဏ္ဍဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အဆိုပါ ရေကစားမဏ္ဍရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ရေကစားမဏ္ဍဖွင့်ပွဲတွင် အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်း ကိုယ်စား၊ အဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး ကျော်စွာဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရေကစားမဏ္ဍကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး ကျော်စွာဦး၊ ခရိုင်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီး ကျော်သာဦး၊ အဖွဲ့ဝင် ၂ ဦးစိုးဦး၊ အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ အဖွဲ့ဝင် ၁ ဗိုလ်မှူး ကျော်တေဇ၊ အဖွဲ့ဝင် ၃ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းနှင့် SL ကုမ္ပဏီမှ ဦးကျော်ဝင်းမင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်ပြီး ယိမ်းအက ၉ ဖွဲ့မှ မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ပျော်ရွှင်စွာ ရေကစားခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)