ဟိုပုံး ဧပြီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၅)နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့ ဟိုပုံးမြို့မဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး စောအောင်မျိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ဖြိုးနိုင်ဦး၊ မြို့မိမြို့ဖ ဦးခွန်မောင်ဖြူနှင့် တာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို”သီချင်းဖြင့် ကပြဖျော်ဖြေရာ တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။
ဆက်လက်၍ ယိမ်းအဖွဲ့များ ဖြစ်ကြသည့် တုံခမ်းယိမ်းအဖွဲ့၊ ကဗျာဆန်ယဉ်ကျေး(တောင်ရပ်ကွက်)ယိမ်းအဖွဲ့၊ ပန်းလေး (မြို့ဦးရပ်ကွက်)ယိမ်းအဖွဲ့၊ အ.ထ.က(၁)ယိမ်းအဖွဲ့၊ အ.ထ.က(၂)ယိမ်းအဖွဲ့၊ အ.ထ.က(ခွဲ)ပေါင်လင်း ယိမ်းအဖွဲ့၊ လွယ်အွန့်ယိမ်းအဖွဲ့၊ နောင်ခုံးယိမ်းအဖွဲ့၊ ထူးမြတ်အိမ်ယိမ်းအဖွဲ့တို့က ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး စောအောင်မျိုးနှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအဖွဲ့များနှင့် အဆိုဝါသနာရှင်များ၏ တေးသီချင်းဖျော်ဖြေပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)