မိတ္ထီလာ ဧပြီ ၁၄
မိတ္ထီလာမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က နန်းတော်ကုန်းရပ်ကွက် မိတ္ထီလာကန်ပတ်လည်အနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ် မိတ္ထီလာမြို့ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို မိတ္ထီလာတပ်နယ် တပ်နယ်မှူး လေကြောင်းအတက်သင်လေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်ချုပ်ဝင်းမောင်သိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်မှူး ဦးဇော်ဇော်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကျော်ဇေယျ၊ ဦးနိုင်ဝင်းကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။ ၎င်းနောက် မိတ္ထီလာတပ်နယ် တပ်နယ်မှူး လေကြောင်းအတက်သင်လေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်ချုပ်ဝင်းမောင်သိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်မှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက ယိမ်းအဖွဲ့များနှင့် ဧည့်သည်တော်များအား အတာရေပက်ဖျန်းခဲ့ပြီး ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ဗဟိုမဏ္ဍပ်တွင် ဧပြီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့များတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ယိမ်းအဖွဲ့များက ဖျော်ဖြေခြင်းများအပြင် ၎င်းဗဟိုမဏ္ဍာပ်အနီးတွင် လမ်းလျှောက်သင်္ကြန်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး လာရောက်ရေကစားသူများအား စတုဒီသာများဖြင့် ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)