သာပေါင်း ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ ယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍာပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်က အမှတ် (၂) ရပ်ကွက်၊ကန္နားလမ်း၊ပြည်သူ့ပန်းခြံရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်သည်။
၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍာပ်ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ ၁၃၈၅ ခုနှစ်၊မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာ မဟာသင်္ကြန်အခါကာလရောက်ရှိလာပြီဖြစ်၍ နှစ်ဟောင်းမှာကိုယ်စိတ်နှစ်ပါးညစ်နွမ်းမှုများရှိပါက ဆေးကြောသန့်စင်တဲ့အနေနဲ့ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးသိမ်မွေ့စွာ၊ အတာရေသွန်းလောင်းပက်ဖြန်းခြင်း၊ ဘုရားကျောင်းကန်များမှာ ကောင်းမှုကုသိုလ်များပြုလုပ်ကြခြင်း၊သက်ကြီးဝါကြီးမိဘဘိုးဘွားတို့အား ပူဇော်သက္ကာယပြုခြင်း၊ ရဟန်းခံရှင်ပြုအလှူမင်္ဂလာပွဲများ ပြုလုပ်ကြခြင်း၊ တိရစ္ဆာန်များအား ဘေးမဲ့လွှတ်ခြင်းတို့ ပြုလုပ်ကြတယ်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကိုမြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီရိုးရာမပျက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန်၊ပြည်သူများ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွဲနိုင်ရန်၊ပြည်သူများ မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖြန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင်နိုင်ငံတော်၏တာဝန်များကို စွမ်းအားပြည့်စွမ်းဆောင်နိုင်ကြစေရန်၊ မြန်မာမှု၊မြန်မာ့ဟန် မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အပူအန္တရာယ်ကိုလည်း ပြည်သူများအနေဖြင့် အထူးသတိပြုကြရန်လိုအပ်ပါတယ်၊ သတိပြုဖွယ်များကို အထူးသတိပြု၍ မြန်မာ့ရိုးရာအစဉ်အလာများကို မပျောက်ပျက်အောင် ဝိုင်းဝန်းသိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါတယ်။မဟာသင်္ကြန်ကာလဟာ မြန်မာတို့ရဲ့ မွန်မြတ်တဲ့ယဉ်ကျေးမှု အစဉ်အလာဖြစ်တဲ့အတွက် မြန်မာတို့ရဲ့ယဉ်ကျေးမှုအစဉ်အလာများ မပျောက်ပျက်စေဘဲ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ မဟာသင်္ကြန်ကိုဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြရန် ဖြစ်ပါကြောင်းနှင့်အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းချမ်းသာကြပါစေ-နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍာပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မန်းတောင်ရိပ်ခို သီချင်းဖြင့်သီဆိုဖွင့်လှစ်ကာ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်ယိမ်းအကအဖွဲ့များ၊ဖျော်ဖြေရေး အဖွဲ့တို့ကို နှစ်သစ်အကြိုအောင်သပြေခက်နှင့် အမွှေးနံ့သာရည်များပက်ဖျန်း၍ ပျော်ရွှင်စွာရေပက်ဖြန်းကစားကြသူများနှင့် ယိမ်းအကအလှ ပျိုဖြူကလေးများ၊အဆိုဝါသနာရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)