အထက်မင်းလှ ဧပြီ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့ညနေ ၆ နာရီ ၅မိနစ်အချိန်က ကျောက်ပန်းတောင်းကျေးရွာနှင့် ပျဉ်းပင်စမ်းကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၆) လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ပန်းတောင်းကျေးရွာမှ လူနေအိမ် (၁၄) လုံး၊ ပျဉ်းပင်စမ်း ကျေးရွာမှလူနေအိမ် (၂) လုံးတို့ အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ပြီးလူနှင့် တိရစ္ဆာန်များထိခိုက်မှုမရှိ ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)