လသာမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

လသာ ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊​ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ရိုးရာယဥ်ကျေးမှုဖြစ်သည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ​ရွှေလသာရေကစားမဏ္ဍပ်ဖွင့်ပွဲကို ဧပြီလ ၁၃ ရက်နေ့ ည​​နေ (၆)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ရိုးရာအတာသင်္ကြန်ရေကစားမဏ္ဍပ်ဖွင့်ပွဲတွင် “မန်း​တောင်ရိပ်ခို”အဖွင့်သီချင်းဖြင့် ယိမ်းအဖွဲ့ဝင်များ ကပြဖျော်ဖြေ၍ ​ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက မင်္ဂလာအချိန်တွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။  

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သပြေခက်နှင့် အတာရေပက်ဖျန်းကာ ဖွင့်ပွဲကို အောင်မြင်စွာရုပ်သိမ်းကြပြီး ယိမ်းအဖွဲ့များမှ သင်္ကြန်တေးသီချင်းများဖြင့် ဆက်လက်ဖျော်​ဖြေခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့တို့ ကဂုဏ်ပြုဆု​ငွေများကို ​ပေးအပ်ခဲ့ကြသည်။ ထို့နောက် အဆိုတော်များမှ သင်္ကြန်တေးသီချင်းများဖြင့် ဆက်လက်ဖျော်ဖြေလျက်ရှိပြီး   အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရဲတပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ပြီး မဟာသင်္ကြန်အကြိုနေ့၌ ​ရွှေလသာမဏ္ဍပ်တွင် ပြည်သူများအေးချမ်းစွာ ရေကစားလျက်ရှိကြောင်း သိရသည်။

နန်းသဲနု​အောင်