စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကျနေ့ ဗဟိုမဏ္ဍပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးဌာန ရေသဘင်မဏ္ဍပ်များအား လိုက်လံကြည့်ရှုအားပေး

မုံရွာ ဧပြီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါလျက် ၁၃၈၅-ခုနှစ်၊ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယမန်နေ့ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာကန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိကြသည်။

ရှေးဦးစွာ ဗဟိုမဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများ၊ နိုင်ငံကျော် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်များက အကအလှများဖြင့် သီဆိုကပြဖျော်ဖြေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနများနှင့် နိုင်ငံကျော် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် အဆိုတော်များအား အတာရေများ ပက်ဖျန်းကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တာဝန်ရှိသူများသည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ “ပိတောက်အားမာန်” ရေသဘင်မဏ္ဍပ်သို့ ရောက်ရှိရာ မဏ္ဍပ်မှယိမ်းအကလှပျိုဖြူများက အကအလှများဖြင့် ဖျော်ဖြေကြပြီး နိုင်ငံကျော် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် အဆိုတော်များက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကာ ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။  

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဌာနမဏ္ဍပ်၊ “ပိတောက်ပျိုမေ” ရေသဘင်မဏ္ဍပ်သို့ရောက်ရှိရာ ယိမ်းအကလှပျိုဖြူများက အကအလှများဖြင့်ဖျော်ဖြေကြပြီး အကအလှများဖြင့် ဖျော်ဖြေကြပြီး နိုင်ငံကျော် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် အဆိုတော်များ၏ ဧည့်ခံဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ရေကစားလာရောက်ကြသည့် ဌာနဆိုင်ရာများနှင့် ပြည်သူများအား စတုဒီသာထမင်းနှင့် ဟင်းများ ကျွေးမွေးဧည့်ခံခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာကန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဗဟိုမဏ္ဍပ်သို့ ရောက်ရှိရာ နိုင်ငံကျော် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင်များက အကအလှများဖြင့် သီဆိုကပြဖျော်ဖြေမှုများနှင့် ယိမ်းအကဖွဲ့များ၏ ကပြဖျော်ဖြေမှုများ၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်များနှင့် မုံရွာမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ရေကစားကာ အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်