ပျော်ဘွယ် မေ ၂
၂၀၂၄ ခုနှစ်၊ မေလ(၅)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၇)နာရီက ပျော်ဘွယ်မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းရှေ့၌ ဆိုင်းဘုတ်ပိုစတာ စိုက်ထူခြင်း၊ ပြည်သာယာရပ်ကွက်ရှိ မြကျိုင်းတောင်ဘုရားတွင် သန့်ရှင်းပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်မျိုးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းမိသားစုဝင်များစုပေါင်း၍ မင်္ဂလာအချိန်၌ (၇၈)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆိုင်းဘုတ်ပိုစတာစိုက်ထူခဲ့ကြပြီး ဆက်လက်၍ မြကျိုင်းတောင်ဘုရားတွင် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆိုင်းဘုတ်ပိုစတာတွင် မီးသတ်ဦးစီးဌာန၏ မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်များ၊ သဘာဝဘေးကယ်ဆယ်ရေး ဆောင်ရွက်ချက်များ၊ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ချက်များကို ထည့်သွင်းဖော်ပြထားပြီး မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင်လည်း ဆရာတော်၊ သံဃာတော်များအား ဆွမ်းလောင်းလှူခြင်းနှင့် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)