မောက်မယ် မေ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မြို့မကျေးရွာအုပ်စုရှိ လယ်စိုက်ခင်းတွင် စိုက်ပျိုးထားသော မိုးစပါးများ ရိတ်သိမ်းအပြီး ကြက်သွန်ဖြူများ ဒီဇင်ဘာလကုန်ပိုင်းမှစ၍ တစ်ပိုင်တစ်နိုင် စတင်စိုက်ပျိုးကြရာ ဧပြီလကုန်ပိုင်းတွင် စတင်နှုတ်သိမ်းနေပြီဖြစ်ရာ ရောင်းချချိန် တစ်ပိဿာ ၇၀၀၀ကျပ် ရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့မကျေးရွာအုပ်စုသည် လယ်လုပ်ငန်းပြီးချိန်တွင် မီးဖိုဆောင်သုံးသီးပင်စားပင်များ၊ ဆောင်းသီးနှံများကို တောင်သူများက ထပ်မံစိုက်ပျိုးကြသည်။ ကြက်သွန်ဖြူကို အဓိကစိုက်ပျိုးကြပြီး ကြက်သွန်နီ၊ နံနံပင်၊ ပဲအမျိုးမျိုးကို စိုက်ပျိုးကြသည်။ တောင်သူတစ်ဦးလျှင် ကြက်သွန်ဖြူများကို ချောင်းရေများဖြင့် အသုံးပြုပြီး စတင်စိုက်ပျိုးသည့်ရက်မှစ၍ ရက် ၁၀၀ ပြည့်လျှင် နှုတ်သိမ်းကြပြီး တောင်ကြီးသို့ သွားရောက်ရောင်းချကြကာ စျေးကောင်းလျှင်ကောင်းသလို ၂၅ သိန်းမှ သိန်း ၃၀ အထိ ရကြပြီး မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေအပိုရရှိကြကြောင်း တောင်သူများထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)