လက်ပံတန်းမြို့နယ်တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲစာဖြေဌာနဖွင့်ပွဲ ကျင်းပ

လက်ပံတန်း မေ ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မားစေရေးနှင့် ယဉ်ကျေးပျူငှာစွာ ပြောဆိုတတ်ကြစေရန်တို့ကို ရည်ရွယ်၍ နိုင်ငံတော်အဆင့် ယဉ်ကျေးလိမ္မာသင်တန်းစာမေးပွဲ လက်ပံတန်း စာဖြေဌာန(၃) ဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီက လက်ပံတန်းမြို့ မဟာဇေယျပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး မြို့နယ်သံဃနာယ ဥက္ကဋ္ဌ  ရာတော် ဘဒ္ဒန္တကေသရ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးထွန်းမြိုင်နှင့် လက်ထောက် မြို့နယ်သာသနာရေးမှူး ဦးဇော်သန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ စာဖြေဌာနတွင် ၂၀၂၄ ခုနှစ် (၃၉)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို စတင်ဖြေဆို သွားမည်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုမည့် သင်တန်းသားသင်တန်းသူ (၃၆) ဦးရှိကြောင်း သိရသည်။    

မြို့နယ်(ပြန်/ဆက်)