အမြို့မြို့အနယ်နယ်သတင်းများ

May 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ အခမ်း အနား အခမ်းအနားကို ယနေ့ ၁၀ နာရီခွဲတွင် လယ်ဝေးမြို့၊ အမှတ်(၂) အားကစားလေ့ကျင့်ရေးစခန်း အားကစားခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေခံပြည်သူများ တက်ရောက်ကြသည်။
May 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဇေယျာသီရိမြို့နယ်တွင်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေး၊ ဆေးကုသရေးလုပ်ငန်းများနှင့် အသိပညာပေးဟောပြောခြင်းများကို  ယနေ့နံနက်ပိုင်းက သာယာကုန်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
May 01,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သစ်ဆုံကြီး အုပ်စု၊ လွှစင် အုပ်စု၊အနောက်ဂွေးကုန်းအုပ်စုနှင့် ကမ္မအုပ်စုတို့တွင် ဧပြီလ ၂၉ရက်နှင့်  ၃၀ ရက်နေ့ ညနေ ၄နာရီခွဲ အချိန်ခန့်၌ မိုးသက် လေပြင်းကျပြီး  နေအိမ်အမိုးများ ပျက်စီးခြင်းနှင့် ပြိုကျခဲ့သော လေဘေးသင့် နေအိမ်များအား ယနေ့နံနက် ၈ နာရီခွဲ အချိန်က ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက သစ်ဆုံကြီးကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ထောက်ပံ့ငွေနှင့်ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
May 01,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့နယ်ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၄)နာရီခွဲအချိန်က ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန မီတာ(၄၀၀)အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
May 01,2024
မေလ (၅)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
May 01,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ရက်ပိုင်းအတွင်း မြှင့်တက်လာသည့် အပူရှိန်ကြောင့်  အပူဒဏ်ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းများ အမြန်ဖွင့်လှစ်နိုင်ရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 01,2024
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌မေ၁ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ ​မြဝတီမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံး (ကာယ၊ ဉာဏ) ပြည်သူ့ဝန်ထမ်း လုပ်သားကြီးများအား ဂုဏ်ပြုပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ တွင်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီက အမှတ်၁အခြေခံပညာအထက်တန်း ကျောင်းခန်းမဆောင်၌ ကျင်းပသည်။