သရက်ချောင်းမြို့နယ်တွင် တရားမဝင်ဆေးဝါးများနှင့် ဆေးညွှန်းစာဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

သရက်ချောင်း  မေ ၂      

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ပဋိဇီဝဆေးယဉ်ပါးမှု ကာကွယ်ရန်အတွက် ပြည်သူများ ဝယ်ယူသုံးစွဲနေကြသည့် ဆေးဝါးများကို ဈေးကွက်အတွင်း တစ်ချို့သောဆေးဝါးများကို ဆရာဝန်ဆေးညွှန်းစာဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် တရားမဝင် ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့ပေါ် ဆေးဆိုင်များအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူး ဒေါက်တာဝင်း‌ဇော်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စျေးကွက်အတွင်း ရောင်းချနေသော ဆေးဆိုင်များ၌  တရားမဝင် ဆေးများရောင်းချခြင်းရှိမရှိ၊ ကုမ္ပဏီများမှ တင်သွင်းဖြန့်ဖြူးနေသည့် ဆေးဝါးများတွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရှိ/မရှိ၊ တစ်ချို့သောဆေးဝါးများကိုဆရာဝန် ဆေးညွှန်းစာဖြင့် ရောင်းချခြင်းရှိ/မရှိကို  စစ်ဆေးဆောင်ရွက်၍ အသိပညာပေး‌ပြောကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)