လပွတ္တာ မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွေးနဒီခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးအောင်နှင့် မြို့နယ်မြေစာရင်းဦးစီးမှူး ဦးစောဆဲနေတို့က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကဏ္ဍစီမံကိန်းများ၊ ဒေသဖွံဖြိုးရေးစီမံကိန်းတာဝန်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်မေသန်းဌေးတို့မှပေးအပ်ရာ သက်ဆိုင်ရာဌာနအကြီးအကဲများက လက်ခံရယူခဲ့သည်။ ထို့နောက်လပွတ္တာမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးရွာအုပ်စုအလိုက် သီးနှံအမျိုးမျိုးစိုက်ပျိုးရန် စီမံကိန်းရည်မှန်းချက်များကို တာဝန်ရှိသူများက ပေးအပ်ရာ အဆိုပါ ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
အခမ်းအနားသို့ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်မေသန်းဌေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မူမူ(ပြန်/ဆက်)